Wednesday, September 15, 2010

အိပ်ပျက်ည

မှုတ်ထုတ်ခံရတဲ့ သက်ပြင်းတိုင်းလည်း
အနည်ထိုင်ချင်ကြရော့မယ်။

သန်းခေါင်ကျော်ထိ
မမိနိုင်သေးတဲ့ အတွေးတို့ လိုက်ဖမ်းရင်း
နဖူးပေါ် လက်တင်လိုက်
လက်ပေါ် နဖူးတင်လိုက်။

တွန့်ကြေသွားတဲ့ အိပ်ယာခင်းတွေတောင်
လူးလှိမ့်လွန်းလို့တဲ့
“တက်” တစ်ခေါက်ခေါက်
မျက်စောင်း တစ်ခဲခဲ။

စိတ်ကူးနဲ့ချတဲ့ ပန္နက်တွေလည်း
ကမ္ဘာမြေအနှံ့ ထု(ဒု)တက်လို့
တစ်ဖက်စောင်းပြန်တော့
နံရံမှာ ကိန်းဂဏန်းတွေ ပြည့်နေတယ်။

အစီးအနင်းများတဲ့ လောကထဲ
မနက်ဖြန်အတွက် အုတ်မြစ်ချရင်း
ညတစ်ည၏ ခဏ သေခြင်းထဲ
စိတ်တချို့
လွင့် မျော နေ တုန်း။

လေပြည်

1 comment:

  1. အစီးအနင်းများတဲ့ လောကထဲ
    မနက်ဖြန်အတွက် အုတ်မြစ်ချရင်း
    ညတစ်ည၏ ခဏ သေခြင်းထဲ
    စိတ်တချို့
    လွင့် မျော နေ တုန်း။
    အိပ်မရတဲ့ညတွေကို ကိုယ်စားပြုထားတဲ့ကဗျာ.. သဘောကျတယ်ဗျာ..

    ReplyDelete