Tuesday, November 9, 2010

ရွက်ကြွေများ

ငါတို့ အရင်လို တဟီးဟီး မရယ်တော့ဘူး
အုပ်စုဖွဲ့ပြီး ယိမ်း,မကတော့ဘူး
အငိုအပြုံးတွေနဲ့ ဇာတ်မတိုက်တော့ဘူး။

သစ္စာရှိစွာ စိမ်းလန်းခဲ့ပြီးပြီ
နောက်ဆုံးအချိန်ထိ ဖက်တွယ်ခဲ့ပြီးပြီ
ကိုယ့်ကိုယ်ကို ခြွေချ မြေခခဲ့ပြီးပြီ။

မနက်ဖြန်မှာ
ဒီ့ထက် ပိုရင့်ရော်လို့
ဒီ့ထက် ပိုခြောက်သွေ့လို့
ဒီ့ထက် ပိုပါးလွှာလို့

လေပြည် တစ်လှမ်း
ရွက်ကြွေ တစ်သန်း လွင့်ခဲ့တယ်
ဟို...အဝေးကို။

(အိမ်ဝေးငှက်များသို့ ....)
လေပြည်
(၉-၁၁-၂၀၁၀၊ အင်္ဂါနေ့၊ ည ၁၂း၀၀ နာရီ)

No comments:

Post a Comment