Sunday, August 22, 2010

အဖြူရောင်ကလေးငယ်သို့

ငိုကြွေးခြင်းနဲ့ စတဲ့ဘ၀မှာ
မျက်ရည်ပြဇာတ်တွေ လှိမ့်ကရင်း
စိတ်ပျက်အားငယ်နေပြီလား။

လောကအကြောင်းမသိသေးခင်
ဓားထမ်း ကျော်ခံခဲ့ရတာ
မင်းတစ်ယောက်ထဲမှ မဟုတ်ဘဲ ငါ့ညီရာ။

အစီးအနင်းကြမ်းတဲ့ နက္ခတ်တွေထဲ
မင်းမာနတွေ ယစ်ပူဇော်ရဦးမယ်
အတုအယောင်တွေကြား
ဟန်ဆောင်ရုပ်တွေ ထုရဦးမယ်။

အမှောင်မိုက်ဆုံး ညတွေထဲ
ရင်ခုန်သံ အသေတွေနဲ့ ရှင်သန်ရဦးမယ်။
မပြည့်စုံခြင်းကမ္ဘာမှာ
တပ်မက်မှုတွေ မြိုသိပ်ရဦးမယ်။

စိတ်ညစ်ခဲ့ရင်
ထွက်ပေါက်မရှာနဲ့
ဟောသလိုပဲ
... ... ... .... ...
ဖောက်ထွက်ခဲ့။ ။

လေပြည်

No comments:

Post a Comment