Saturday, August 21, 2010

မြက်ခင်း

ဘယ်သူသေသေ
ငတေမာရင်ပြီးရော ဆိုပြီး
ဟောဒီ ဦးခေါင်းပေါ်
ဆန္ဒတွေ နင်းနင်းသွားကြ။

တချို့က မသိမသာ
တချို့က မညှာမတာ
တချို့လည်း ကြင်ကြင်နာနာ။

ဈေးကွက်စီးပွားရေးဆိုတဲ့
အကြောင်းအရာတွေ ၀င်လာတဲ့နေ့
ရေတွေလောင်း ပေါင်းတွေသင်
ဗီတာမင်ကျွေး အလှမွေးနဲ့
ရင်ဘတ်အချက်လိုက်
ခွာချခံရတာတောင်
ငါ့မှာ
ခုထိ စိမ်းပေးနေရတုန်း။

လေပြည်

No comments:

Post a Comment