နှစ်ဟောင်းက အညံ့တွေစွန့်လို့
“နှစ်သစ်ကို ကြိုဆိုကြစို့” တဲ့
ကျုပ်လည်း နှစ်သစ်ဖြစ်ခဲ့ဖူးပါရဲ့။
ဒါနဲ့များ
ကျုပ်ကပဲ အညံ့အဆိုးတွေ ပေးခဲ့သလို
တစ်နှစ်လုံး ကျုပ်နဲ့ လက်တွဲခဲ့ပြီးမှ
တွဲလက်တွေ ခါ,ထုတ်ခဲ့ကြတာ
နှုတ်ဆက်ဖော်တောင် မရကြဘူး။
ကျုပ်မှာသာ
ရင်ဘတ်ပေါက်နဲ့ လမ်းလျှောက်
အောင့်သက်သက် ညထဲ
ရေထဲ ရေရောလို့
နှလုံးသား ဟက်တက်နဲ့
အက် ကွဲ ပြီး သံယောင်လိုက် ညာ
“ဟတ်ပီးနယူးရီးယား” ပါ။
လေပြည်
၃၁.၁၂.၂၀၀၇
လွန်ခဲ့တဲ့ (၃) နှစ်လောက်က ရေးခဲ့တာလေးပါ။
ဒီနေ့ ဒီဇင်ဘာ ၃၁ ရက်ဆိုတော့ ကဗျာလေး ၃ နှစ်ပြည့်အဖြစ် တင်ထားလိုက်ပါတယ်။
Friday, December 31, 2010
Friday, December 24, 2010
“ .... .... .... ”
အချစ်လား
ဘ၀တစ်ပါးမှာ ငိုကာ ထားခဲ့တယ်။
ကျနော်လား
အမေ့ရင်မှာ ခိုကာ နားခဲ့တယ်။
ဒီလိုနဲ့
လူပုံက ခပ်ထက်ထက်
စိတ်က လက်တစ်ဆစ်နဲ့
ကျနော့ကိုယ် ကျနော် ဆွဲနှစ်ခဲ့တယ်။
“မျိုးချစ်” ဆိုတဲ့ ဂယက်မှာ။
လေပြည်
(၂၄-၁၂-၂၀၁၀၊ သောကြာနေ့၊ ညနေ ၅း၀၀)
ဘာရယ်မဟုတ်ပါဘူး။ တစ်စုံတစ်ယောက်ကို သတိရလို့ ရေးဖြစ်သွားတာပါ။
သူက တောင်ပံချိုးခံထားရပြီး ခုထိ တောင်ပံခတ်ခွင့် မရသေးဘူး။
သူ့ရဲ့ ချစ်သူကတော့ တောင်ပံခတ်ခွင့်လေးတောင် မရခဲ့ပါဘူး။

အတွေးများ
အရူး
အရူးတွေဟာ အရင်လုပ်တယ်။ နောက်မှ တွေးတယ်။
ဒါကြောင့် အမှားတွေနဲ့ မကုန်နိုင်တဲ့ ဒုက္ခတွေကို ကြုံတွေ့ကြရတယ်။
လူတော်
လူတော်တွေကတော့ အရင် စဉ်းစားတယ်။ နောက်မှ ဆောင်ရွက်တယ်။
မကြာခဏဆိုသလို လေထဲမှာ တိုက်အိမ်ဆောက်တဲ့ စိတ်ကူးတွေနဲ့ ကျေနပ်နေတတ်ကြတယ်။
သူတို့ရဲ့ အတွေးတွေဟာ သူတို့ရဲ့သတ္တိကို အကြိမ်များစွာ ဖျက်ဆီးပစ်တတ်တယ်။
ပညာရှိ
ပညာရှိတွေကတော့ အတွေးတွေကနေ အလုပ်တွေ လုပ်တယ်။
အလုပ်လုပ်ရင်းလည်း တွေးတယ်။
လုပ်သမျှတွေကို လက်တွေ့ကျကျနဲ့ ဖြစ်နိုင်အောင်လည်း လုပ်တယ်။
သူတို့ဟာ နဝေတိမ်တောင် မဖြစ်ဘူး။
စွမ်းအင်နဲ့ အချိန်ကို သက်သာစေပြီးတော့ ချောမွေ့တဲ့လမ်းကြောင်းပေါ်မှာ အောင်မြင်မှုအတွက် ခရီးဆက်တယ်။
Charles Akara ၏ "The Foolish, The Clever and The Wise" (အရူး၊ လူတော် နှင့် ပညာရှိ) စာအုပ် မှ “Thoughts” (အတွေးများ) စာပိုဒ်အား ဘာသာပြန်ဆိုသည်။

Wednesday, December 8, 2010
အေးစက်စက် ဒီဇင်ဘာ
မနေ့က အအေးလွန်ကဲလို့
ဒီနေ့ ချောင်းကလေး တဟွပ်ဟွပ်နဲ့
ညနေဆို ငါ ဖျားချင်နေပြီ
ကျေနပ်တော့ ဒီဇင်ဘာ။
အပြင်မထွက်ချင်ဘူး
ဟော ဟိုမှာ ဒီဇင်ဘာ။
သွားကြည့် ဒီဇင်ဘာ
စားကြည့် ဒီဇင်ဘာ
လမ်းတကာမှာ ဒီဇင်ဘာ
စောစော “ဒီ” လို့
စောစော “ဇင်” လို့
စောစော “ဘာ” ထား လိုက်ကြတာ
မြို့ပေါ်က ခေတ်ပေါ် ဒီဇင်ဘာ။
လောကကို ဒီဇင်ဘာကြည့်,ကြည့်
ဒီဇင်ဘာတွေ မြင်
နတ်တော်၊ ပြာသိုပင် ရောက်ခဲ့ပေါ့
ဒီဇင်ဘာမှာ လျှောက်ခဲ့တဲ့လမ်း
ငါလည်း ဒီဇင်ဘာ နှစ်ခါလည်သားတောင်ရှိပေါ့
နင်းချေလိုက်တော့ ဒီဇင်ဘာ။
မရယ်ပါနဲ့ ဒီဇင်ဘာ
မလှောင်ပါနဲ့ ဒီဇင်ဘာ
ယောင်လည်ယောင်လည် ငါ့ကို
မယောင်မလည် မလုပ်ပါနဲ့
နားလည်ပါးရိုက် မလုပ်ပါနဲ့
ဒီဇင်ဘာအကြောင်း
ဒီဇင်ဘာ အသိဆုံးမို့
အေးစက်ခွင့်ပြုပါ ဒီဇင်ဘာ။
ဒီ+ဇင်+ဘာ = ၁၂
စာဆိုတော်ကြီး ဒီဇင်ဘာ
ချစ်နှင်းမှုန်ထဲက ဒီဇင်ဘာ
စိုသော ဒီဇင်ဘာ
ချိုသော ဒီဇင်ဘာ
ငါ ငိုသော ဒီဇင်ဘာ။
ကြားရဲ့လား ဒီဇင်ဘာ
ခါးတယ်လား ဒီဇင်ဘာ
လှောင်တာလား ဒီဇင်ဘာ
လောင်နေတာပါ ဒီဇင်ဘာ
မြင်ရဲ့လား ဒီဇင်ဘာ
ဒီဇင်ဘာမြင်းကို စိုင်း
ခုထိ အရိုးပြိုင်းပြိုင်း ထခဲ့တာကြာပေါ့
ခရီးရောက်ရဲ့လား ဒီဇင်ဘာ။
ဒီလိုနဲ့ ဒီဇင်ဘာကို တည်
ဒီဇင်ဘာနဲ့ စား
ဒီဇင်ဘာ အကြွင်းကို
ဒီဇင်ဘာ အလွမ်းနဲ့ ပေါင်း
အိမ်မက်တွေ “ဆောင်း” ဖြစ်နေပြီ ဒီဇင်ဘာ။
ကြိုနေပါ ဒီဇင်ဘာ
အေးစက်စက်နဲ့ပဲ ဖြစ်ဖြစ်
အလွမ်းသက်သက်နဲ့ပဲဖြစ်ဖြစ်
ငါ ပြန်လာမှာပါ ဒီဇင်ဘာ။
လေပြည်
(၈.၁၂.၂၀၀၉၊ ည ၁း၀၀ နာရီ)
မလေးရှားရောက် (၂) နှစ်ပြည့်တုန်းက ရေးခဲ့တဲ့ ကဗျာလေးပါ။ အခုတော့ (၃) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဘလော့ဂ်ပေါ် တင်လိုက်ပါတယ်။

Wednesday, November 24, 2010
နောက်ဆုံး
အရယ်အပြုံးတွေ မရှိတော့ဘူး
အရာရာအားလုံး တိတ်ဆိတ်
မျက်ရည်တွေ ဖိတ်ခဲ့ပြီ။
ပန်းတွေ မြေခတဲ့ည
ကမ်းတွေ ပြိုကျတဲ့ည
မီးစာတွေ ကုန်တဲ့ည
အဲဒီညမှာ
(အဖေ အမေရေ
ညီလေးရေ ညီမလေးရေ)
ခေါ်သံတွေ ခေါ်ရာမ၀င်တော့တဲ့နောက်
အရာရာဟာ ...
ခေါ်မကြား အော်မကြား နိုင်လွန်းခဲ့တယ်။
နောက်ထပ်
မြင်ခွင့်မရတော့
ဖြစ်တည်ခွင့်လည်း မရတော့။
ရွက်ဝါတွေ ကြွေလွင့်
နှင်းဆီဝါ၀ါတွေ ကြွေလွင့်
ဂန္ဓမာပန်းအ၀ါတွေ ကြွေလွင့်
ဒီလိုနဲ့
နောက်ဆုံး
အားလုံး ကြွေလွင့်သွားခဲ့ရတယ်။
(မ၀ါဝါ ကောင်းရာ သုဂတိလားပါစေ။)
လေပြည်
(၂၅-၁၁-၂၀၁၀၊ နေ့လည် ၁၂း၂၂)
(23.11.2010) အင်္ဂါနေ့တွင် BRO ကျောင်းမှ ဆရာမ ဒေါ်ဝါ၀ါအေး ရုတ်တရက် ကွယ်လွန်သွားခဲ့ကြောင်းသိရပြီး မိသားစုနှင့် ထပ်တူထပ်မျှ ၀မ်းနည်းမိပါကြောင်း။)

Saturday, November 20, 2010
ကမ်းဝေးတိမ်
ကျွန်တော် အိမ်က ထွက်ခဲ့တယ်
နှုတ်ဆက်ခြင်းမှာ အသံ မပါဘူး။
ပင်လယ်ရဲ့ ဆွဲငင်မှုနဲ့
ကိုယ့်ရင်ဘတ်ကို ပြန်ရိုက်တဲ့ လှိုင်းလို
မိုက်မိုက်ရိုင်းရိုင်း ကမ်းနဲ့ဝေးပစ်လိုက်တယ်
ဒီ့ထက် ပိုဝေးလည်း
ဒီ့ထက် ပိုမဝေးနိုင်တော့ဘူး။
လေထဲ တိုက်အိမ်ဆောက်ပြီး
အိမ်မက်တွေ ရှည်ခဲ့တဲ့နောက်မှာ
ရှည်သလောက် မက်ခဲ့တဲ့ အိမ်နဲ့
တိမ်ဟာ ပြေးသထက် ... ပြေးလို့ ...
အိမ်ဟာ ဝေးသထက် ဝေးလာခဲ့တယ်
ဒီ့ထက် ပိုဝေးလည်း
ဒီ့ထက် ပိုမဝေးနိုင်တော့ပါဘူး။
လေပြည်
(၃၀-၀၈-၂၀၁၀။ တနင်္လာနေ့၊ ည ၉း၀၀ နာရီ။)

Tuesday, November 9, 2010
ရွက်ကြွေများ
ငါတို့ အရင်လို တဟီးဟီး မရယ်တော့ဘူး
အုပ်စုဖွဲ့ပြီး ယိမ်း,မကတော့ဘူး
အငိုအပြုံးတွေနဲ့ ဇာတ်မတိုက်တော့ဘူး။
သစ္စာရှိစွာ စိမ်းလန်းခဲ့ပြီးပြီ
နောက်ဆုံးအချိန်ထိ ဖက်တွယ်ခဲ့ပြီးပြီ
ကိုယ့်ကိုယ်ကို ခြွေချ မြေခခဲ့ပြီးပြီ။
မနက်ဖြန်မှာ
ဒီ့ထက် ပိုရင့်ရော်လို့
ဒီ့ထက် ပိုခြောက်သွေ့လို့
ဒီ့ထက် ပိုပါးလွှာလို့
လေပြည် တစ်လှမ်း
ရွက်ကြွေ တစ်သန်း လွင့်ခဲ့တယ်
ဟို...အဝေးကို။
(အိမ်ဝေးငှက်များသို့ ....)
လေပြည်
(၉-၁၁-၂၀၁၀၊ အင်္ဂါနေ့၊ ည ၁၂း၀၀ နာရီ)
အုပ်စုဖွဲ့ပြီး ယိမ်း,မကတော့ဘူး
အငိုအပြုံးတွေနဲ့ ဇာတ်မတိုက်တော့ဘူး။
သစ္စာရှိစွာ စိမ်းလန်းခဲ့ပြီးပြီ
နောက်ဆုံးအချိန်ထိ ဖက်တွယ်ခဲ့ပြီးပြီ
ကိုယ့်ကိုယ်ကို ခြွေချ မြေခခဲ့ပြီးပြီ။
မနက်ဖြန်မှာ
ဒီ့ထက် ပိုရင့်ရော်လို့
ဒီ့ထက် ပိုခြောက်သွေ့လို့
ဒီ့ထက် ပိုပါးလွှာလို့
လေပြည် တစ်လှမ်း
ရွက်ကြွေ တစ်သန်း လွင့်ခဲ့တယ်
ဟို...အဝေးကို။
(အိမ်ဝေးငှက်များသို့ ....)
လေပြည်
(၉-၁၁-၂၀၁၀၊ အင်္ဂါနေ့၊ ည ၁၂း၀၀ နာရီ)
Saturday, September 25, 2010
မိုးရွာသော နေ့တစ်နေ့
(၁)
ညထဲ မိုးက သဲသဲမဲမဲနဲ့ မစဲတော့ဘူး။ ကျနော် အိပ်ယာထဲ ခွေနေလိုက်တယ်။ အပြင်မှာ လျှပ်တွေ လက်နေတယ်။ အဖေ ခုထိ ပြန်မလာသေးဘူး။ အမေက ဖယောင်းတိုင်မီးကို လေကွယ်ပြီး ငုတ်တုပ်ထိုင်နေတယ်။ အစ်မက ကျနော့ဘေးမှာ မှောက်အိပ်နေပုံ ထောက်ရင် ဗိုက်ဆာနေလောက်ပြီ။ ဆာဆို ည ၁၁ နာရီ ထိုးပြီးနေပြီလေ။ တစ်အိမ်လုံး ညစာမှ မစားရသေးတာ။ အဖေပြန်အလာကို စောင့်နေကြတာလေ။
(၂)
အဖေ၊ ကျနော့အဖေက စာအုပ်ကြီးသမား၊ လူပု စိတ်တို၊ သီချင်းကို အကျယ်ကြီးဖွင့်သူ၊ ပြဇာတ်ဆရာ၊ လူကြမ်းမင်းသား၊ သိုင်းဆရာ၊ ပန်းချီဆရာ၊ ဓါတ်ပုံဆရာ၊ အနုပညာမြတ်နိုးသူ၊ စာပေမြတ်နိုးသူ၊ လူမှန်၊ ရိုးသားစွာ နေထိုင်သူ၊ အထက်ဖား အောက်ဖိ လုပ်ရမှာ ၀န်လေးသူ ဒီလိုနဲ့ ကျနော်တို့ မိသားစုဟာ သာမန်ပေါ့။ တခါတလေ ခုလို သာမန်ရာထူးက ပြုတ်ကျသွားတာလည်း ရှိတယ်။
အမေ၊ အမေက သိပ်တော်တယ်။ နာရီမကြည့်ဘဲ အချိန်ပြောနိုင်တယ်။ တော်ဆို အဖေအပါအ၀င် ကျနော်တို့ ခေါင်းက အစ ခြေဖျားအဆုံး အမေ့လက်၊ အမေ့ခြေ။ အဖေက ရှူးရှူးရှဲရှဲနိုင်သလောက် အမေက သွေးအေးတယ်။ တခါတလေ အမေက အဖေ့ထက်တောင် ဖြတ်ထိုးဥာဏ် ကောင်းတယ်။ ကမ္ဘာကျော်တွေရဲ့ အင်္ကျီဒီဇိုင်းတွေကြည့်ပြီး ကျနော်တို့အတွက် လက်ချုပ် ချုပ်ပေးရှာတယ်။ (ဟိုတုန်းက ကျနော်တို့အိမ်မှာ အပ်ချုပ်စက် မရှိပါဘူး။) ဒါပေမယ့် သိပ်ကို သေသပ်လှပ ပါတယ်။ အမေက ရပ်ကွက်ထဲ အိမ်မလည်တတ်ဘူး။ အဖေက စကားပြောရင် အသံကျယ်သလောက် အမေက သိပ်ညင်သာတယ်။ ပြီးတော့ အမေက ရှက်တတ်တယ်။ ဒီလိုနဲ့ ကျနော်တို့လည်း ရှက်တတ်ခဲ့တယ်။
(၃)
“ဖေဖေ ပြန်လာပြီ။”
အစ်မက ၀ုန်းခနဲထပြီး အဖေ့လက်ထဲက မုန့်ထုပ်ကိုသွားယူတယ်။ အဖေကိုယ်မှာ မိုးရေတွေ စိုရွှဲနေတယ်။ ကျနော် တစ်ဘက် တစ်ထည်သွားယူပေးလိုက်တယ်။
“ဗိုက်ဆာနေကြပြီလား။ မရခဲ့ဘူးဟေ့။ ဒါပဲ ပါတယ်။”
ဧလမုန့် ၅ ခုပါ။ အမေ ရေနွေးအိုးတစ်လုံးထဲ လက်ဖက်ခြောက်လေး ခပ်ပြီး သယ်လာတယ်။
လမုန့်ကို အစ်မ ၂ ခုစားပါတယ်။ အမေ ၁ ခု၊ ကျနော် ၁ ခု စားပါတယ်။ အဖေက သူ့အတွက် ၁ ခုကို ကျနော့ကို ပေးပါတယ်။ ခြောက်ကပ်ကပ် ဧလမုန့်နဲ့ ရေနွေးကြမ်းတစ်အိုး။ ဒါ ကျနော်တို့ရဲ့ ညစာပါ။ စားသောက်ပြီး မီးမှိတ် အိပ်ယာဝင်ကြပါတယ်။
(၄)
အဲဒီညက အဖေဟာ ရေနွေးခြမ်းပဲ သောက်ပြီး အိပ်သွားပါတယ်။
အိမ်အပြင်မှာ မိုးတွေ သည်းနေတုန်းပါပဲ။ ကျနော်တစ်ယောက်တည်း ဘာမှ မမြင်ရတာကို ကြည့်နေမိတယ်။
လေပြည်
(23.09.2010/ 3:37 am)

အပြန်လမ်း
ရေခဲတိုက်လို့ ကင်ပွန်းတပ်ထားတဲ့
အခန်းတစ်ခုမှာ ကျုပ်နဲ့အတူ
ဘော်ဒါတွေ အများကြီး အိပ်မောကျလို့ ...
သူတို့တွေ အားလုံး
အသက်မရှုဘဲ အိပ်နေကြတော့
ကျနော်လည်း ရှုကြည့်တယ်
မရပါ။
သတ်မှတ်ရက်ပြည့်တော့
ကျုပ်ကို ရေချိုးကြ
တစ်ကိုယ်စာ ပုံးထဲထည့်ကြ
နှင်းဆီတွေ၊ စံပယ်တွေ
ခေါင်းက ခြေဖျားထိ ပြန့်ကျဲလို့
ငိုဖို့လူတွေ စောင့်နေကြလို့ထင်ရဲ့
ကျုပ်ကို ခေါ်သွားကြတယ်။
ငိုသံတွေနဲ့ မွမ်းမံထားတဲ့
“ဈာပနာပွဲ” တဲ့လား
ကျင်းတစ်ခုထဲ ကျုပ်ကိုထည့်
ဆွေမျိုးတွေ ပြန်သွားပြီ
ကျုပ်မှာတော့ တစ်ယောက်ထဲ
၇ ရက်ပြည့်တော့
ကျုပ်အတွက် ကုသိုလ်ပြုကြပြီ
သာဓု သာဓု သာဓု
အခန်းတစ်ခုမှာ ကျုပ်နဲ့အတူ
ဘော်ဒါတွေ အများကြီး အိပ်မောကျလို့ ...
သူတို့တွေ အားလုံး
အသက်မရှုဘဲ အိပ်နေကြတော့
ကျနော်လည်း ရှုကြည့်တယ်
မရပါ။
သတ်မှတ်ရက်ပြည့်တော့
ကျုပ်ကို ရေချိုးကြ
တစ်ကိုယ်စာ ပုံးထဲထည့်ကြ
နှင်းဆီတွေ၊ စံပယ်တွေ
ခေါင်းက ခြေဖျားထိ ပြန့်ကျဲလို့
ငိုဖို့လူတွေ စောင့်နေကြလို့ထင်ရဲ့
ကျုပ်ကို ခေါ်သွားကြတယ်။
ငိုသံတွေနဲ့ မွမ်းမံထားတဲ့
“ဈာပနာပွဲ” တဲ့လား
ကျင်းတစ်ခုထဲ ကျုပ်ကိုထည့်
ဆွေမျိုးတွေ ပြန်သွားပြီ
ကျုပ်မှာတော့ တစ်ယောက်ထဲ
၇ ရက်ပြည့်တော့
ကျုပ်အတွက် ကုသိုလ်ပြုကြပြီ
သာဓု သာဓု သာဓု
Tuesday, September 21, 2010
လူငယ်တစ်ယောက် မဟုတ်တော့ဘူး
ငါက လူငယ်တစ်ယောက် မဟုတ်တော့ပါဘူး
လူငယ်တစ်ယောက်လို မဟုတ်တော့တဲ့ ငါက
တေးသွားတွေနဲ့လည်း
လွန်လွန်ကျူးကျူး မမူးယစ်သင့်တော့ဘူး
လမ်းဘေးမှာလည်း
လွမ်းဆွေးမနေသင့်တော့ဘူး
အရူးတစ်ယောက်လို
လမ်းတစ်ကာ လျှောက်သွား
စကားမများသင့်တော့ဘူး
လူငယ်တစ်ယောက် မဟုတ်တော့တဲ့အခါ
ငါက ပြဿနာတွေကို ဖြေရှင်းရမှာဖြစ်ပြီး
ခရီးတစ်ထောက်ကိုလည်း
လမ်းဖောက်ရမှာပါ ...
ဥယျာဉ်ခြံမြေမှာ
ပန်းတွေဝေဖို့နဲ့
ညှိုးလျော့အားငယ်နေသူတွေကို
အားပေးရမှာ
လူငယ်တစ်ယောက်မဟုတ်တော့ဘူးဆိုတာ
လူငယ်တွေကို စာနာ နားလည်ဖို့နဲ့
အားအင်တွေကို ဖြည့်တင်းပေးမှသာ
လူငယ်တစ်ယောက် မဟုတ်တော့တာကို .... ။ ။
လူငယ်တစ်ယောက်လို မဟုတ်တော့တဲ့ ငါက
တေးသွားတွေနဲ့လည်း
လွန်လွန်ကျူးကျူး မမူးယစ်သင့်တော့ဘူး
လမ်းဘေးမှာလည်း
လွမ်းဆွေးမနေသင့်တော့ဘူး
အရူးတစ်ယောက်လို
လမ်းတစ်ကာ လျှောက်သွား
စကားမများသင့်တော့ဘူး
လူငယ်တစ်ယောက် မဟုတ်တော့တဲ့အခါ
ငါက ပြဿနာတွေကို ဖြေရှင်းရမှာဖြစ်ပြီး
ခရီးတစ်ထောက်ကိုလည်း
လမ်းဖောက်ရမှာပါ ...
ဥယျာဉ်ခြံမြေမှာ
ပန်းတွေဝေဖို့နဲ့
ညှိုးလျော့အားငယ်နေသူတွေကို
အားပေးရမှာ
လူငယ်တစ်ယောက်မဟုတ်တော့ဘူးဆိုတာ
လူငယ်တွေကို စာနာ နားလည်ဖို့နဲ့
အားအင်တွေကို ဖြည့်တင်းပေးမှသာ
လူငယ်တစ်ယောက် မဟုတ်တော့တာကို .... ။ ။
Monday, September 20, 2010
အရေးအသားတစ်ခု
ဝင်ရိုးစွန်းတူလို့
တစ်ယောက်ကို တစ်ယောက် တွန်းကန်
ကျနော်တို့ ညီအစ်ကိုတွေလေ
အဖေဟာ အရောင်သန်းနေတဲ့သတ္တု
သီချင်းကို အကျယ်ကြီးဖွင့်တယ်
လက်မောင်းမှာ ဆေးမင်ကြောင် အ၀ိုင်းဝိုင်းတွေနဲ့
အဆုတ်တခြမ်း မကောင်းတော့ဘူး
ကျနော်တို့ အမှားတစ်ခုခု လုပ်မိတာနဲ့
အမေဟာ အိမ်ပေါ်က နှင်ချတော့တာပဲ
ကျနော်တို့ကလည်း ခေသူမဟုတ်
... .... ... ရွေ့တယ်
ကျနော်တို့ခေတ် စိတ္တဇများ
ဆံပင်ရှည်ထားလိုက်
ကတုံးဖြစ်လိုက်
အိမ်ဟာ လ္ဖက်ရည်ဆိုင်လို
ဝင်လိုက် ထွက်လိုက်။

Saturday, September 18, 2010
လူ ၃ မျိုးတို့၏ ကိုယ်ပိုင်အမြင်များ
အရူး
အရူးတွေဟာ သူတို့ရရှိထားတဲ့ ဘ၀ကို သူတို့ နားမလည်ကြဘူး။
ဒီတော့ သူတို့ဟာ ကိုယ့်ဖာသာကိုယ် လုပ်ရမှာတွေကို ကြောက်နေကြတယ်။
မကြာခဏ ဆိုသလို သူတို့ဟာ ၀မ်းနည်းနေတတ်ကြတယ်။
လူတော်
လူတော်တွေကတော့ သူတို့ကိုယ်သူတို့ နားလည်ကြတယ်။
ဒါပေမယ့် သူတို့ဘ၀ ပြင်ပကောင်းကျိုးချမ်းသာတွေကို နားမလည်ဘူး။
သူတို့ဟာ သူတို့ကိုယ်သူတို့ အတော်ဆုံးဖြစ်အောင် ပြုစုပျိုးထောင်မှုတွေနဲ့သာ
အလုပ်ရှုပ်နေတတ်ကြတယ်။
ပညာရှိ
ပညာရှိတွေကတော့ ဘ၀ရဲ့ အတ္တတည်ရှိရာ ခဏတာကို သိနားလည်ကြတယ်။
သူတို့ဟာ ဘ၀ရဲ့ အင်အားကြီးမားသော ပူဖောင်းတွေထဲမှာ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ကြတယ်။
သူတို့ဟာ ဘ၀ပူဖေါင်းများကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ကြတယ်။
အဲဒီပူဖေါင်းတွေ မကြာမီ ပျောက်သွားမှာကိုလည်း သိကြတယ်။
Charles Akara ရဲ့ "The Foolish, The Clever and The Wise" မှ Self-Recognition စာပိုဒ်အား ဘာသာပြန်ဆိုသည်။

Wednesday, September 15, 2010
သီအိုရီ မဟုတ်တဲ့ သီအိုရီ
တစ်ဆောင်းတွင်းလုံး
ကျလာခဲ့သမျှ နှင်းတွေက
ကုန်လုနီးပါးပေါ့
အဲဒီအချိန်
ကျနော် လောကကို ရောက်လာတယ်။
ဆွေးမြေ့နေတဲ့ ကြိုးတံတားပေါ်
ဒူးတွေတုန်ရင်း
ဘုရားရှစ်ခိုးတွေ ပြန်ကျက်
ကြောက်စိတ်တွေလည်း ၀င်ဖူးတယ်။
တစ်ခါတစ်ခါ
ခပ်မြင့်မြင့် တိုက်အိုတစ်လုံးထိပ်
လောကကို ဖြန့်ကြည့်
အားသစ်တွေမွေး
ကိုယ့်ကိုကိုယ် အားပေးရင်း
စိတ်ဓာတ်တွေ မြှင့်တင်ဖူးတယ်။
ကွန်ပျူတာ မမည်တဲ့
ဦးဏှောက်တစ်စုံ
ရေထဲပြုတ်ကျတော့
စိတ်ဓာတ်တွေ ကျရှုံး
ဦးတည်ရာမဲ့ လေလွင့်ရင်း
နို့ဆီခွက်တစ်လုံးလည်း ကန်ဖူးတယ်။
တစ်ဆောင်းတွင်းလုံး
ကျလာခဲ့သမျှ နှင်းတွေလည်း
ကုန်လုနီးပါးပေါ့ ....
တချို့က ကန်ဘောင်မှာ ရယ်မောရင်း
တချို့က ခပ်တိုးတိုး ငိုရှိုက်ရင်း
၂၀ ရာစုဟာ သေဆုံးလို့
ရာစုသစ် တစ်ခုထဲ
ကျနော် ရောက်ခဲ့ပြန်တယ်။
လေပြည် (၃၁.၁၂.၂၀၀၁)
(၁၀ တန်း အောင်ပြီးစ အချိန်က ရေးခဲ့တာလေးပါ။ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ပေါ့။)

အိပ်ပျက်ည
မှုတ်ထုတ်ခံရတဲ့ သက်ပြင်းတိုင်းလည်း
အနည်ထိုင်ချင်ကြရော့မယ်။
သန်းခေါင်ကျော်ထိ
မမိနိုင်သေးတဲ့ အတွေးတို့ လိုက်ဖမ်းရင်း
နဖူးပေါ် လက်တင်လိုက်
လက်ပေါ် နဖူးတင်လိုက်။
တွန့်ကြေသွားတဲ့ အိပ်ယာခင်းတွေတောင်
လူးလှိမ့်လွန်းလို့တဲ့
“တက်” တစ်ခေါက်ခေါက်
မျက်စောင်း တစ်ခဲခဲ။
စိတ်ကူးနဲ့ချတဲ့ ပန္နက်တွေလည်း
ကမ္ဘာမြေအနှံ့ ထု(ဒု)တက်လို့
တစ်ဖက်စောင်းပြန်တော့
နံရံမှာ ကိန်းဂဏန်းတွေ ပြည့်နေတယ်။
အစီးအနင်းများတဲ့ လောကထဲ
မနက်ဖြန်အတွက် အုတ်မြစ်ချရင်း
ညတစ်ည၏ ခဏ သေခြင်းထဲ
စိတ်တချို့
လွင့် မျော နေ တုန်း။
လေပြည်
အနည်ထိုင်ချင်ကြရော့မယ်။
သန်းခေါင်ကျော်ထိ
မမိနိုင်သေးတဲ့ အတွေးတို့ လိုက်ဖမ်းရင်း
နဖူးပေါ် လက်တင်လိုက်
လက်ပေါ် နဖူးတင်လိုက်။
တွန့်ကြေသွားတဲ့ အိပ်ယာခင်းတွေတောင်
လူးလှိမ့်လွန်းလို့တဲ့
“တက်” တစ်ခေါက်ခေါက်
မျက်စောင်း တစ်ခဲခဲ။
စိတ်ကူးနဲ့ချတဲ့ ပန္နက်တွေလည်း
ကမ္ဘာမြေအနှံ့ ထု(ဒု)တက်လို့
တစ်ဖက်စောင်းပြန်တော့
နံရံမှာ ကိန်းဂဏန်းတွေ ပြည့်နေတယ်။
အစီးအနင်းများတဲ့ လောကထဲ
မနက်ဖြန်အတွက် အုတ်မြစ်ချရင်း
ညတစ်ည၏ ခဏ သေခြင်းထဲ
စိတ်တချို့
လွင့် မျော နေ တုန်း။
လေပြည်
Sunday, August 22, 2010
ဘူတာအမှတ် ၆၁
ရခိုင်ရိုးမထဲက ဓားသိုင်းနဲ့
ဇူလိုင်မိုးမခထဲက ပန်းရိုင်းလို
အရိုင်းအစိုင်းကို လှခဲ့တာ
အဖေ။
ပုန်းညက်လှေလေးနဲ့ နေ့ရက်များ
ဒီရေတက်ခဲ့တဲ့ အိမ်လေးနဲ့
အင်ဂျင်တစ်ခုလုံး ၀ါးမြိုခံခဲ့ရတာတောင်
ဧရာဝတီကို မမုန်းခဲ့တာ
အဖေ။
အညာနွေ နေပူကျဲအောက်က
ပတ်ကြားအက် ခြေဖနောင့်တွေ
ရိုးမ မုန်တိုင်းထဲ
တစ်မိုးလုံး တင်းခဲ့တဲ့ မာနနဲ့
ရိုးမတောင်တန်းတွေပေါ်
တစ်ဆောင်းလုံး လီဗာဗျင်းခဲ့တာ
အဖေ။
ခန်းလုံးပြည့် ပန်းချီတွေနဲ့ ကာရံထားတဲ့အိမ်မှာ
အဖေနဲ့အတူ ခေါင်မိုးတွေမိုး
စည်းရိုးတွေခတ်
ထင်းတွေဖြတ်
ထုံးတွေသုတ်
ပေါင်းတွေခုတ်
ရေမြောင်းတွေလည်း တူးခဲ့တယ်။
အဖေရေးခဲ့တဲ့ ဆေးရေးပန်ချီးမှာ
သံစဉ်မဲ့ စကားသံတွေ ရှိတယ်။
အဖေသွေးခဲ့တဲ့ ဓားမှာ
မှော်အောင်နေတဲ့ သတ္တိတွေရှိတယ်။
ခြေဆန့်ခဲ့တဲ့ ဘ၀တစ်လျှောက်
သေချင်စော်နံ လောကဓံထဲ
အဖေပေးခဲ့တဲ့ သင်ခန်းစာက
မိုးရွာသော နေ့တစ်နေ့
အခုတော့ တစ်သက်လုံး သုံးမကုန်တဲ့
အဖေ့စကားလက်ဆောင်နဲ့
အဖေ့တန်ဖိုးတွေ နားလည်
အဖေပေးတဲ့ သွေးနဲ့
အားလုံးကို ရင်ဆိုင်ရဲပါတယ် အဖေ။
ခုဆို
အဖေက
၆၁ ဘူတာကို ဖြတ်ကျော်ခဲ့ပြီး
ရထားတစ်စီးလို ဆက်လက်ခုန်းမောင်းနေဆဲ။
လေပြည်
ကဗျာလေးက ဖေ့ဖေ့ ၆၁ နှစ်ပြည့်မွေးနေ့ အမှတ်တရ မနှစ်ကရေးခဲ့တာပါ။ ဒီပို့စ် တင်တဲ့အချိန်ကတော့ ၆၂ နှစ်ပြည့်ပေါ့။ ဒီလ August (၁) ရက်နေ့က ဖေဖေ့မွေးနေ့လေ။

လုံးဝ ရန်မဖြစ်ပါနဲ့
ကိုယ့်အစွမ်းအစကို ယုံကြည်သူအဖို့
ရန်ဖြစ်ဖို့ အချိန်မပေးနိုင်
ခွေးကို လမ်းဖယ်ပေးရတာဟာ
ခွေးကိုက်ခံရတာနဲ့ နှိုင်းစာရင်
ပို အကျိုးရှိပါလိမ့်မယ်။
လင်ကွန်း (Lincoln)
စိတ်တိုပြီး ရန်ဖြစ်ချင်လာရင် လင်ကွန်းရဲ့ ဒီစကားလေးကို သတိရမိတယ်။
ရန်ဖြစ်ဖို့ အချိန်မပေးနိုင်
ခွေးကို လမ်းဖယ်ပေးရတာဟာ
ခွေးကိုက်ခံရတာနဲ့ နှိုင်းစာရင်
ပို အကျိုးရှိပါလိမ့်မယ်။
လင်ကွန်း (Lincoln)
စိတ်တိုပြီး ရန်ဖြစ်ချင်လာရင် လင်ကွန်းရဲ့ ဒီစကားလေးကို သတိရမိတယ်။
အားနည်းရပ်ဝန်း
ဘ၀တွေ မိုးမှောင်ကျလိုက်ပုံများ
ဘယ်အလင်းမှ လိုက်မမှီဘူး
လက်တွေ့မှာ ပူရင်နီတယ်
ပန်းချီကားမှာ ဖြူတာနဲ့ပြတယ်
ဂဲ(ခဲ)ကျရင် ချက်ချင်းမျက်နှာပျက်တတ်တဲ့ ရေပြင်မှာ
စက်ဝိုင်းတွေ အထပ်ထပ်ဆွဲလို့
ဘာမှ မဖြစ်တဲ့သူကြည့်ရင်
ဘာမှ ဖြစ်မှာမဟုတ်ဘူး
ခုတော့
မတော်တဆ ဖြစ်ရပ်လေးတောင်
ပလာစတာတွေ ကပ်လို့
ငါ ကိုယ်က
အသည်းငယ်လွန်းခဲ့ ...။ ။

အဖြူရောင်ကလေးငယ်သို့
ငိုကြွေးခြင်းနဲ့ စတဲ့ဘ၀မှာ
မျက်ရည်ပြဇာတ်တွေ လှိမ့်ကရင်း
စိတ်ပျက်အားငယ်နေပြီလား။
လောကအကြောင်းမသိသေးခင်
ဓားထမ်း ကျော်ခံခဲ့ရတာ
မင်းတစ်ယောက်ထဲမှ မဟုတ်ဘဲ ငါ့ညီရာ။
အစီးအနင်းကြမ်းတဲ့ နက္ခတ်တွေထဲ
မင်းမာနတွေ ယစ်ပူဇော်ရဦးမယ်
အတုအယောင်တွေကြား
ဟန်ဆောင်ရုပ်တွေ ထုရဦးမယ်။
အမှောင်မိုက်ဆုံး ညတွေထဲ
ရင်ခုန်သံ အသေတွေနဲ့ ရှင်သန်ရဦးမယ်။
မပြည့်စုံခြင်းကမ္ဘာမှာ
တပ်မက်မှုတွေ မြိုသိပ်ရဦးမယ်။
စိတ်ညစ်ခဲ့ရင်
ထွက်ပေါက်မရှာနဲ့
ဟောသလိုပဲ
... ... ... .... ...
ဖောက်ထွက်ခဲ့။ ။
လေပြည်
မျက်ရည်ပြဇာတ်တွေ လှိမ့်ကရင်း
စိတ်ပျက်အားငယ်နေပြီလား။
လောကအကြောင်းမသိသေးခင်
ဓားထမ်း ကျော်ခံခဲ့ရတာ
မင်းတစ်ယောက်ထဲမှ မဟုတ်ဘဲ ငါ့ညီရာ။
အစီးအနင်းကြမ်းတဲ့ နက္ခတ်တွေထဲ
မင်းမာနတွေ ယစ်ပူဇော်ရဦးမယ်
အတုအယောင်တွေကြား
ဟန်ဆောင်ရုပ်တွေ ထုရဦးမယ်။
အမှောင်မိုက်ဆုံး ညတွေထဲ
ရင်ခုန်သံ အသေတွေနဲ့ ရှင်သန်ရဦးမယ်။
မပြည့်စုံခြင်းကမ္ဘာမှာ
တပ်မက်မှုတွေ မြိုသိပ်ရဦးမယ်။
စိတ်ညစ်ခဲ့ရင်
ထွက်ပေါက်မရှာနဲ့
ဟောသလိုပဲ
... ... ... .... ...
ဖောက်ထွက်ခဲ့။ ။
လေပြည်
အထင်မလွဲပါနဲ့
ဆုံးဖြတ်ရဲသူကို ဇွတ်တရွတ်ဆန်တယ်
ချင့်ချိန်တတ်သူကို သူရဲဘောကြောင်တယ်
ရက်ရောတတ်သူကို လက်ဖွာတယ်
စည်းကမ်းနဲ့ပေးသူကို ကပ်စေးနှဲတယ်
ဦးဆောင်နိုင်သူကို နေရာယူတယ်
ကျွမ်းကျင်သူကို လည်လွန်းတယ်လို့
အထင်မလွဲပါနဲ့
တကယ် အထင်မလွဲလိုက်ပါနဲ့။
လေပြည်
ချင့်ချိန်တတ်သူကို သူရဲဘောကြောင်တယ်
ရက်ရောတတ်သူကို လက်ဖွာတယ်
စည်းကမ်းနဲ့ပေးသူကို ကပ်စေးနှဲတယ်
ဦးဆောင်နိုင်သူကို နေရာယူတယ်
ကျွမ်းကျင်သူကို လည်လွန်းတယ်လို့
အထင်မလွဲပါနဲ့
တကယ် အထင်မလွဲလိုက်ပါနဲ့။
လေပြည်
Saturday, August 21, 2010
မိုးဦးလေ
တိမ်တိုက်တွေ ပြိုပြိုကျလို့
လည်စင်းခံထားရတာပါ။
တကယ်ဆို
မိုးရွာဖို့ မကောင်းဘူး။
ခေါင်းထောင်ပြီး ထ,တိုက်တော့
“မုန်တိုင်း” တဲ့
တကယ့်တော့
ငါက .......... ပါ။
လေပြည်
လည်စင်းခံထားရတာပါ။
တကယ်ဆို
မိုးရွာဖို့ မကောင်းဘူး။
ခေါင်းထောင်ပြီး ထ,တိုက်တော့
“မုန်တိုင်း” တဲ့
တကယ့်တော့
ငါက .......... ပါ။
လေပြည်
မြက်ခင်း
ဘယ်သူသေသေ
ငတေမာရင်ပြီးရော ဆိုပြီး
ဟောဒီ ဦးခေါင်းပေါ်
ဆန္ဒတွေ နင်းနင်းသွားကြ။
တချို့က မသိမသာ
တချို့က မညှာမတာ
တချို့လည်း ကြင်ကြင်နာနာ။
ဈေးကွက်စီးပွားရေးဆိုတဲ့
အကြောင်းအရာတွေ ၀င်လာတဲ့နေ့
ရေတွေလောင်း ပေါင်းတွေသင်
ဗီတာမင်ကျွေး အလှမွေးနဲ့
ရင်ဘတ်အချက်လိုက်
ခွာချခံရတာတောင်
ငါ့မှာ
ခုထိ စိမ်းပေးနေရတုန်း။
လေပြည်
ငတေမာရင်ပြီးရော ဆိုပြီး
ဟောဒီ ဦးခေါင်းပေါ်
ဆန္ဒတွေ နင်းနင်းသွားကြ။
တချို့က မသိမသာ
တချို့က မညှာမတာ
တချို့လည်း ကြင်ကြင်နာနာ။
ဈေးကွက်စီးပွားရေးဆိုတဲ့
အကြောင်းအရာတွေ ၀င်လာတဲ့နေ့
ရေတွေလောင်း ပေါင်းတွေသင်
ဗီတာမင်ကျွေး အလှမွေးနဲ့
ရင်ဘတ်အချက်လိုက်
ခွာချခံရတာတောင်
ငါ့မှာ
ခုထိ စိမ်းပေးနေရတုန်း။
လေပြည်
Subscribe to:
Posts (Atom)