တစ်ဆောင်းတွင်းလုံး
ကျလာခဲ့သမျှ နှင်းတွေက
ကုန်လုနီးပါးပေါ့
အဲဒီအချိန်
ကျနော် လောကကို ရောက်လာတယ်။
ဆွေးမြေ့နေတဲ့ ကြိုးတံတားပေါ်
ဒူးတွေတုန်ရင်း
ဘုရားရှစ်ခိုးတွေ ပြန်ကျက်
ကြောက်စိတ်တွေလည်း ၀င်ဖူးတယ်။
တစ်ခါတစ်ခါ
ခပ်မြင့်မြင့် တိုက်အိုတစ်လုံးထိပ်
လောကကို ဖြန့်ကြည့်
အားသစ်တွေမွေး
ကိုယ့်ကိုကိုယ် အားပေးရင်း
စိတ်ဓာတ်တွေ မြှင့်တင်ဖူးတယ်။
ကွန်ပျူတာ မမည်တဲ့
ဦးဏှောက်တစ်စုံ
ရေထဲပြုတ်ကျတော့
စိတ်ဓာတ်တွေ ကျရှုံး
ဦးတည်ရာမဲ့ လေလွင့်ရင်း
နို့ဆီခွက်တစ်လုံးလည်း ကန်ဖူးတယ်။
တစ်ဆောင်းတွင်းလုံး
ကျလာခဲ့သမျှ နှင်းတွေလည်း
ကုန်လုနီးပါးပေါ့ ....
တချို့က ကန်ဘောင်မှာ ရယ်မောရင်း
တချို့က ခပ်တိုးတိုး ငိုရှိုက်ရင်း
၂၀ ရာစုဟာ သေဆုံးလို့
ရာစုသစ် တစ်ခုထဲ
ကျနော် ရောက်ခဲ့ပြန်တယ်။
လေပြည် (၃၁.၁၂.၂၀၀၁)
(၁၀ တန်း အောင်ပြီးစ အချိန်က ရေးခဲ့တာလေးပါ။ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ပေါ့။)
နို့ ဆီခွက်တွေ အခုကော ကန်တုန်းပဲလားဗျို့  :P
ReplyDeleteခင်မင်လေးစားလျှက်
အုပ်ကြီး
ကဗျာလေးက ခုထိအသက်ဝင်နေတုန်းပဲ
ReplyDeleteပျော်ရွှင်ပါစေ။ လေပြည်...
လေပြည်ညင်းလေးလို အမြဲထာဝရ အေးချမ်းပါစေ။
လေပြည်..........
ချစ်တဲ့
ခိုင်နုငယ်