Friday, December 31, 2010

သက္ကရာဇ်ဟောင်းရဲ့ ဝေဒနာ

နှစ်ဟောင်းက အညံ့တွေစွန့်လို့
“နှစ်သစ်ကို ကြိုဆိုကြစို့” တဲ့
ကျုပ်လည်း နှစ်သစ်ဖြစ်ခဲ့ဖူးပါရဲ့။

ဒါနဲ့များ
ကျုပ်ကပဲ အညံ့အဆိုးတွေ ပေးခဲ့သလို
တစ်နှစ်လုံး ကျုပ်နဲ့ လက်တွဲခဲ့ပြီးမှ
တွဲလက်တွေ ခါ,ထုတ်ခဲ့ကြတာ
နှုတ်ဆက်ဖော်တောင် မရကြဘူး။

ကျုပ်မှာသာ
ရင်ဘတ်ပေါက်နဲ့ လမ်းလျှောက်
အောင့်သက်သက် ညထဲ
ရေထဲ ရေရောလို့
နှလုံးသား ဟက်တက်နဲ့
အက် ကွဲ ပြီး သံယောင်လိုက် ညာ
“ဟတ်ပီးနယူးရီးယား” ပါ။

လေပြည်
၃၁.၁၂.၂၀၀၇

လွန်ခဲ့တဲ့ (၃) နှစ်လောက်က ရေးခဲ့တာလေးပါ။
ဒီနေ့ ဒီဇင်ဘာ ၃၁ ရက်ဆိုတော့ ကဗျာလေး ၃ နှစ်ပြည့်အဖြစ် တင်ထားလိုက်ပါတယ်။

No comments:

Post a Comment