Tuesday, February 8, 2011

ဖူးပွင့်ခွင့် မရသော ကြာဖြူတစ်ပွင့်

ရေကန် အသင့်ပါလ
ချစ်ပန်းငယ် ကြာဖြူပွင့်ရယ်
ဖူးပွင့်စေသား။

မြတ်ဘုရားထံ အမေ ဆုတောင်းသော်လည်း
ရင်ထုကာ ငိုရှိုက်ရပြီပေါ့
ချစ်သော ပန်းကလေး မပွင့်လာ

မြေမှာ ပေါ်ခွင့်မရ
ရေမှာ ပျော်ခွင့်မရတာမို့
ရေကန် အသင့်ပေမယ့်
ကြာတစ်ပွင့် မပွင့်နိုင်ခဲ့ဘူး

အို ... ချစ်တဲ့ အမေ့သား။

လေပြည်
၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်။ (အင်္ဂါနေ့ ည ၁၂း၀၀ နာရီ)

ကိုဝင်းဇော် + အိမို့ တို့၏ ၂၅ ရက်နေ့တွင်
မွေးဖွားကာ ၂၈ ရက်နေ့တွင် သေဆုံးသွားခဲ့သော
သားဦးကလေး ကောင်းရာမွန်ရာရောက်ပါစေ။

No comments:

Post a Comment