အချစ်လား
ဘ၀တစ်ပါးမှာ ငိုကာ ထားခဲ့တယ်။
ကျနော်လား
အမေ့ရင်မှာ ခိုကာ နားခဲ့တယ်။
ဒီလိုနဲ့
လူပုံက ခပ်ထက်ထက်
စိတ်က လက်တစ်ဆစ်နဲ့
ကျနော့ကိုယ် ကျနော် ဆွဲနှစ်ခဲ့တယ်။
“မျိုးချစ်” ဆိုတဲ့ ဂယက်မှာ။
လေပြည်
(၂၄-၁၂-၂၀၁၀၊ သောကြာနေ့၊ ညနေ ၅း၀၀)
ဘာရယ်မဟုတ်ပါဘူး။ တစ်စုံတစ်ယောက်ကို သတိရလို့ ရေးဖြစ်သွားတာပါ။
သူက တောင်ပံချိုးခံထားရပြီး ခုထိ တောင်ပံခတ်ခွင့် မရသေးဘူး။
သူ့ရဲ့ ချစ်သူကတော့ တောင်ပံခတ်ခွင့်လေးတောင် မရခဲ့ပါဘူး။
No comments:
Post a Comment